ခရမ်း ဒီဇင်ဘာ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည် ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ (International Volunteer Day) အထိမ်း အမှတ် အခမ်းအနားကို ဒီဇင်ဘာ (၉) ရက် နေ့လယ်ပိုင်းက ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ရုံးခြံဝင်း အတွင်း၌ ကျန်းမားရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်အေးမှ အဖွင့်အမှာစကားပြောကြား ပြီး လူမှုကူညီရေး အဖွဲ့မှ ဦးဌေးအောင်ကျော်၊အဖြူရောင်လူငယ်များပရ ဟိတအဖွဲ့မှဦးမောင်ဇော်၊ အရံ မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးစိန်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုးတို့မှ မိတ်ဆက်စကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်မှ အခမ်းအနားကျင်းပရခြင်း၏ရ ည်ရွယ် ချက်များ ရှင်းလင်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကြက်ခြေနီမှ စေတနာလုပ်အားရှင်အဖွဲ့ အသီးသီးသို့ မေတ္တာလက်ဆောင် (တံဆိပ်ရိုက် တီရှပ်)အင်္ကျီများ အမှတ်တရပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ် အတွင်းရှိ လူမှုကူညီရေးအဖွဲ့၊ အဖြူရောင်လူငယ်များ ပရဟိတအဖွဲ့၊ ထွန်းလူမှုကူညီရေးအသင်း၊ အရံမီးသတ်၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ စုစုပေါင်း(၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)