ဒဂုံ ဒီဇင်ဘာ ၁၀
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ) တွင်နေထိုင်သူများအနေဖြင့် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ကြေညာချက်များကို ထိထိ ရောက်ရောက်လိုက်နာစေရန်အတွက် နယ်မြေကျော် သွားလာခြင်း မရှိစေ ရန် စစ်ဆေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပူးပေါင်း အဖွဲ့များ ယမန်နေ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ၊စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေး ဝန်ထမ်း များက Stay at Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် နိုင်စေရန် ဒဂုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသည့် အရေးပေါ် ယာဉ်များနှင့် YBS ကားများမှလွဲ၍ အခြားယာဉ်များကိုမလိုအပ်ပဲ နယ်မြေကျော် သွားလာခြင်း မရှိစေ ရန် စစ်ဆေးမေးမြန်းပြီး မဖြစ်မနေ နယ်မြေကျော်သွားရောက်ရန်လိုအပ်ပါက ထောက်ခံချက်များပါရှိရန် စစ်ဆေးခြင်းကို အရှိန်အဟုန် မြှင့် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)