ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံလျားရှည်ကျေးရွာအုပ်စု၊ ကံလျားရှည် ကျေးရွာ၊ မူကြိုကျောင်းတွင် World View Internation Foundation (WIF) အဖွဲ့မှ ရုပ်သံတည်းဖြတ်ခြင်း (Video Editing) သင်တန်းကို ယခုလ ၇ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဒေသခံလူငယ်များ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေး နေခြင်းဖြစ်ပြီး သင်တန်းဆရာ Johfresco (Media Manager) မှ သင်တန်းသား / သင်တန်းသူ (၁၀) ဦးတို့အား သင်တန်း ဘာသာရပ်များဖြစ်သော အခြေခံဗီဒီယိုတည်းဖြတ်ခြင်း၊ အခြေခံဓာတ်ပုံပညာ၊ Scribe ရေးသားနည်း၊ ဇာတ်လမ်းတို ရိုက်ကူးနည်းများကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိပို့ချပေး လျက်ရှိပြီး သင်တန်းကာလမှာ ယခုလ ၁၁ ရက်နေ့အထိ ၅ ရက်တာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီသင်ကြားပို့ချပေးနေခြင်းဖြစ် သည်။
World View Internation Foundation (WIF) အဖွဲ့သည် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေတောများ ထိန်းသိမ်းရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျေးလက်ဒေသရှိ ပြည်သူများ မုန်တိုင်း အန္တရာယ် ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် စိတ်ပါဝင် စားမှုရှိစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)