မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ​​ တရားမဝင် တိရစ္ဆာန် နှင့် တိရစ္ဆာန် ထွက်ပစ္စည်း တားဆီးကာကွယ်ရေး ​ကော်မတီနှင့် တိရစ္ဆာန် ​ရောင်းဝယ် ​ဖြန့်ဖြူးသူများလုပ်ငန်းညှိ့နှိုင်း အစည်းအ​ဝေးကျင်းပ

ကျိုက်မ​ရော   ဒီဇင်ဘာ  ၁၀


မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်​​ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနတွင် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းတားဆီးကာကွယ်ရေးလုပ်ငန်း​ကော်မတီနှင့် တိရစ္ဆာန် ​ရောင်းဝယ်၊ ဖြန့်ဖြူးသူများ​တွေ့ဆုံ၍ လုပ်ငန်းညှို နှိုင်းအစည်းအ​ဝေးကိုယမန် ​နေ့နံနက် ၁၀ နာရီ ကကျိုက်မ​ရောမြို့​နယ်မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနရုံးခန်းမ၌ပြုလုပ်ခဲ့သည်။
​​ရှေးဦးစွာ ​ ​မော်လမြိုင်ခရိုင် ​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှူး ခရိုင်ဦးစီးမှူး ​ဒေါက်တာ တင်ဌေး ကတိရစ္ဆာန်မွေးမြူ​​ရေးခြံပိုင်ရှင်များ တိရစ္ဆာန်အစာပစ္စည်း​ရောင်းချသည့်ဆိုင်ပိုင်ရှင်များ အား တရားမဝင်တိရစ္ဆာန်များ သယ်ယူပို့​ဆောင်မှုမရှိ​​စေရန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ သယ်ယူပို့ဆောင်ဖြန့်ဖြူးမှုများကို သတ်မှတ်ထားသည့်ညွန်ကြားချက်များအတိုင်း ​ဆောင်ရွက် ကြရန် ​ဆွေး​နွေးမှာကြားပြီး မြို့နယ်​ကော်မတီဥက္ကဋ္ဌဦးကျော်မြင့်က တရားမဝင်တိရစ္ဆာန် နှင့်တိရစ္ဆာန်ထွကိပစ္စည်းတားဆီးကာကွယ်​ရေးနှင့်ပတ်သက်၍ ရှင်းလင်း ​​ဆွေး​နွေးခဲ့သည်။

ထို့​နောက်အစည်းအ​ဝေးသို့ တက်​ရောက်လာသူလုပ်ငန်းရှင်များမှ       သိရှိလိုသည်များကို ​မေမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း​ဖြေကြား​​​​ပေးခဲ့ကြသည်။ အခမ်းအနားသို့ တိရစ္ဆာန်​ မွေးမြူ​ရေး ခြံပိုင်ရှင်များ၊ကြက်ဒိုင်များနှင့် မြို့နယ်​ကော်မတီဝင်များ၊လုပ်ငန်းရှင်များ တက်​ရောက်ခဲ့ကြ​ကြောင်းသိရသည်။
ချိုချို (  ပြန်/ ဆက် )