မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

ချောင်းဆုံ         ဒီဇင်ဘာ ၁၀

Covid-19ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားရေးထိခိုက်မှုများမဖြစ်ပေါ်စေရေး လုပ်ကွက် ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများပြန်လည်စတင်နိုင်ရန်နှင့် ပြည်သူများလူမှုစီးပွားဘဝထိခိုက်မှု သက်သာ စေရန်အတွက် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများနှင့် (VRFP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်တွင်းမှုအသက်မွေးလုပ်ငန်း၊ အရောင်းအဝယ် ကုန်ထုတ်လုပ်ငန်းများတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် (ဇီးကုန်း၊ မုခနီး)ကျေးရွာနှင့် (VRFP) စီမံကိန်းဝင်(ကုလားစု၊ကော့ရွဲ့) ကျေးရွာတို့တွင် ဒီဇင်ဘာ(၈)ရက်နေ့က မော်လမြိုင်ခရိုင် (ကျေး/လက်)ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်၊ မြို့နယ် (ကျေး/လက်)ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင် များနှင့်တွေ့ဆုံကာ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သိန်းပေါင်း(၁၂၀၀)ဖြင့် လုပ်ငန်း အကောင်အထည်ဖော်လုပ်ကိုင်သူ (၂၀၂၁) ဦးဖြင့် အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော် ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)