အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

ကျောက်တန်း  ဇန်နဝါရီ ၁၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျောက်တန်းမြို့နယ် ကုလားတန်း ကျေးရွာတွင် ယမန်နေ့မွန်းလွဲ (၁၁)နာရီက  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး   ဦးဆန်းထွန်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက စာပေလေ့လာဖတ်ရှုရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေး ပြောကြားပြီး  ကုလားတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသူရဟန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် (၄၅) ရက်ကြာ စာတွေ့လက်တွေ့များဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)