မုဒုံ ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန်ယနေ့နံနက်(၁၀)နာရီခန့်ကမြို့မ(၄)ရပ်ကွက်ရွှေဟင်္သာစျေး၌ လိုက်လံ စစ်ဆေး ခဲ့ သည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိဦးမြင့်ဦးနှင့်မီးသတ် တပ်ဖွဲ့ ဝင် (၅)ဦး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဒုတိယဦးစီးမှူးဦးဝင်းညွှန့်နှင့် ဝန်ထမ်းများက မီးဘေး အန္တရာယ်မှကင်းဝေးစေရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်စျေးအတွင်းရှိ ဆိုင်ခန်းများ အားလိုက်လံစစ်ဆေးကာ အသိပညာပေးခြင်းများနှင့်အရေးပေါ်မီးသတ်ဆေးဘူးများ ထားရှိမှု အခြေအနေများ တို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)