မကွေးတိုင်းဒေသကြီး သရက်မြို့မစည်ပင်သာယာဈေး၌ ဆန်တန်းရုံ (Steel Structure)အဆောက်အဦလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

သရက်  ဒီဇင်ဘာ ၁၁

 မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (Steel Structure) ဆန်တန်းရုံ အဆောက်အဦ (၂) ရုံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့မစည်ပင်သာယာဈေးတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
အခမ်းအနားတွင် (SteelStructure) ဆန်တန်းရုံအဆောက်အဦ (၂)ရုံ (A/B) တည်ဆောက် ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (TTY magwe Co.Ltd) မှ  ခွင့်ပြုငွေကျပ်သန်း (၁၅၂.၀၀)၊ ဈေးရုံသစ် (၁) ထပ် (၂) ရုံအား လုပ်ငန်းတင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးစီး၍လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများတက်ရောက်၍ အဆောက်အဦလွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါ ဆန်တန်းရုံ (Steel Structure) အဆောက်အဦ ပြီစီးသွားပြီဖြစ်၍ ဆန်ရောင်းချသူများအနေဖြင့် လုံခြုံစိတ်ချစွာရောင်းချနိုင်တော့မည်ဖြစ်ကြောင်းနှင့်  သတ်မှတ်နေရာများအမြန်ဆုံး ချထားနိုင် ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)