လှည်းကူး ဒီဇင်ဘာ ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး အတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်စည်း(Mask)များ အခမဲ့တပ်ဆင်ပေးဝေခြင်းကို ယနေ့ နံနက်(၈)နာရီက လူစည်ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစီး(Mask)များ တပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လှည်းကူးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်စိုးဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာ ဖြစ်သော မြို့မဈေးရှေ့တွင် ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင် ပြီးမှအပြင်ထွက်စေရန်၊ ဈေးသူဈေးသားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် လူထူထပ်ရာနေရာများတွင် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမျိုးဖြစ်သဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါ က နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ သွားလာရန်၊ Hand Gel များဖြင့် လက်များကို မကြာခဏ ဆေးကြော သန့်စင်ရန် သတ်မှတ်ဦးရေထက်ပိုမိုစုဝေးခြင်းမပြုရန် ပညာပေး နှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)