ရေး ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများအား အခြေခံစားကုန်များ ကို (၃) ကြိမ်မြောက်အဖြစ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီခွဲခန့် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရ သည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်က အခြေခံစားကုန် များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အခြေခံစားကုန်များကို ဆက်လက်ပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြင့်ဝင်းနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်တို့က တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ၊ အချိုမှုန့်တို့ကို ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)