ပိုင်ကျုံ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၆)ရက်နေ့ ကစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ်(၂၅၆)သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၉၀၀ပေ ၊ အကျယ် ၁၂ပေ ၊ ၆လက်မ)ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ်နည်းပညာအကြံ ပေးအဖွဲ့တို့မှ တာ၀န်ရှိသူများ၏ စနစ်တကျလမ်းညွန်မှူနှင့် ဒေါ်လန်း ကျေးရွာ အုပ်ချုပ်ရေးမှူးဦးတင်ဦးနှင့် ကျေးရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)