ကဝမြိုနယ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကဝ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်မင်္ဂလာကျေးရွာအုပ်စု အောင်သစ္စာကျေးရွာတွင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်က VDP စီမံကိန်း အကြောင်း ရှင်းလင်းခြင်း၊ ကျေးရွာစိတ်ဓါတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေ ပြည်သူများ၏ ရပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်များအား ချပြရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျေးလက်နေပြည်သူများ၊ စိုက်ပျိုးမွေးမြူရေး အဖွဲ့တို့က ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပက်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)