ခန္တီး ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အကြို ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် ရင်းနှီးမြှင့်နှံရန် လျာထားချက်များ ကြိုတင်ရေးဆွဲတင်ပြရာတွင် ခရိုင်နှင့် မြို့နယ်များ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းဝေးသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးလှမျိုးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌက ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် ရင်းနှီးမြှင့်နှံရန် လျာထားချက်များ ကြိုတင်ရေး ဆွဲတင်ပြရာတွင် ခရိုင်နှင့် မြို့နယ်များ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအပြင် လက်ရှိ ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရေးနှင့် ဌာနများအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီးရေးနှင့် စာရင်းစစ်ကန့်ကွက်ချက်များ မဖြစ်ပေါ် စေရေးအတွက် ဆောင်ရွက်ရေးတို့ကို ရှင်းလင်း ဆွေးနွေးသွားကြောင်း သိရသည်။
အမ်းအင်းလမ်း