ကဝ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း ခြင်းကို ယမန့်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်က ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ၊ လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း(VDP)ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသာ ဌာနဆိုင်ဆိုင်ရာများ၊ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)