မင်းလှ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ ပူးပေါင်းကာ အဖွဲ့(၅) ဖွဲ့ခွဲ၍ ဈေးများအတွင်း ဈေးရောင်း၊ ဈေး၀ယ်လာရောက် ကြသူများအား Mask ကို စနစ်တကျ တပ်ဆင်သွားလာခြင်း ရှိမရှိ စစ်ဆေးပြီး၊ နှာခေါင်းစည်း မတပ်ဆင်ကြသူများကို Mask ဖြန့်ဝေခြင်းနှင့် အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့သည်။
ထို့အပြင် မြို့နယ်အတွင်း လူအသွားအလာများသော လမ်းထောင့်၊ လမ်းစုံနေရာများ၌လည်း နှာခေါင်းစည်း မတပ်ဆင်ကြသူများကို Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask Campaign ကို ဒီဇင်ဘာ ၁၀ နေ့မှ ၁၆ ရက်နေ့ထိ တစ်ပတ်ကြာ အရှိန်ဟုန်မြှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ