စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာ​တော်မြို့တွင် ကိုဗစ်-၁၉ စီးပွား​ရေးကုစားမှု အစီအစဉ် ဖြင့် စိုက်ပျိုးစရိတ်​ချေး​ငွေ ကျပ်သိန်း( ၃၆၀၀၀ ) ထုတ်​ချေး

အရာ​တော် ဒီဇင်ဘာ  ၁၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊မုံရွာခရိုင် အရာ​တော်မြို့နယ်တွင် ကိုဗစ်-၁၉စီးပွား​ရေး ကုစားမှု အစီအစဉ်ဖြင့်သီးနှံစိုက်ပျိုးစရိတ်​ချေး​ငွေများ ထုတ်​ချေးခြင်းလုပ်ငန်းကို ယ​​မန်နေ့က မြို့နယ် လယ်ယာဖွံ့ဖြိုး​ရေးဘဏ် မြို့နယ်ဘဏ်ခွဲရုံးနှင့်မြို့နယ်စည်ပင်(သီရိရတနာခန်းမ)တို့တွင်ဆောင်ရွက်​ပေးခဲ့​သည်။

ယင်းသို့ စိုက်ပျိုးစရိတ်​ချေး​ငွေများထုတ်​ချေးရာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်နိုင်​ရေးအတွက် ကျေး ရွာအုပ်စု တစ်ခုချင်းအလိုက် ထုတ်​​ပေးသွားမည်ဖြစ်ပြီး  ယ​နေ့တွင် ခင်သာကျေးရွာအုပ်စု အောင်စီကျေး ရွာနှင့်​ရှောက်ခါး​​ကျေးရွာရှိ​ တောင်သူ ( ၂၇၈ )ဦး အတွက် တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် စိုက် ဧက( ၁၇၃၃  )ဧကအတွက် ကျပ်သိန်း( ၁၇၃၃ )ထုတ်​ချေးခဲ့​ကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်​ချေး​ငွေမှာနှမ်း၊မြေပဲ၊ကုလားပဲစိုက် ​တောင်သူများအတွက် ကိုဗစ်-၁၉ကာလ စီးပွား​ရေးကုစားမှု အစီအစဥ်ဖြင့် စိုက်ဧက ၁၇၃၃ ဧကအတွက် ​ငွေ ကျပ်သိန်း( ၁၇၃၃ )သိန်းကို ထုတ်​ချေးမည်ဖြစ်ပြီး အရာ​တော်မြို့နယ်တွင် ​ရပ်ကွက်/ကျေးရွာအုပ်စု ( ၄၂ )အုပ်စုရှိသည့်အနက် ( ၃၄ ) အုပ်စုသာ ​ချေး​ငွေထုတ်ယူ​ကြောင်းနှင့် ကျန်ရှိသည့် ​ကျေးရွာ အုပ်စုများကို ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထုတ်​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမန်​နေဂျာ ဦးကျော်လင်း၏ ​ပြောကြားချက်အရ သိရသည်။

သူရ