အလုံမြို့နယ်၌ စီမံကိန်း​ရေးဆွဲ​ရေးနှင့် အ​ကောင်အထည်​ဖော်​ရေး ​​ကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ

အလုံ  ဒီဇင်ဘာ  ၁၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  မွန်းလွဲ (:၀၀)နာရီအချိန်က အလုံမြို့နယ် အမှတ်()အ​ခြေခံပညာ အထက်တန်း​ကျောင်း သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ် ဦးရဲလွင်က ဒေသဖွံ့ဖြိုးရေးအတွက်​ ဆောင်ရွက်​ပေးမှု အ​ခြေအ​နေများကိုဆွေး​နွေခဲ့ပြီး  အလုံမြို့နယ် အမှတ်()တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်ဒေါ်နွယ်နွယ်ဝင်းက အလုံဂုံး​ကျော်တံတား တည်​ဆောက်​နေမှု အ​ခြေအ​နေများကို ဆွေး​နွေးသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က စီမံကိန်းလုပ်ငန်းများ​​ ဆောင်ရွက်​နေမှု အခြေအ​နေများကို​ ဆွေး​နွေးခဲ့ပြီး မြို့နယ်စီမံကိန်း ရေးဆွဲ​ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဒေါ်လှလှက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီး​ပြီးမှု အ​ခြေအ​နေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်​ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ  စံချိန်စံနှုန်း ပြည့်မီ​​ရေး၊ အချိန်မီပြီးစီး​ရေးတို့ကို ဆွေး​နွေး ​ပြောကြားသည်​။

ဆက်လက်၍  တက်​ရောက်လာသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ ​ဆောင်ရွက်​နေမှု အ​ခြေအ​နေများကို ဆွေးနွေးခြင်းများ​ ဆောင်ရွက်ခဲ့​ပြီး အဆိုပါ အစည်းအ​ဝေးသို့ လွှတ်​တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံကိန်းလုပ်ငန်းများ​ ရေးဆွဲ​အ​ကောင်းအထည်​ဖော်​ရေး​ ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာ​ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)