ဒဂုံမြောက် ဒီဇင်ဘာ ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်းပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်စေရန် ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၈နာရီက (၃၃)ရပ်ကွက်တွင် လူထုအခြေပြု အကောင်အထည်ဖော် စီမံချက်အရ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ် နှာခေါင်းစည်း (mask) များအား လမ်းသွားလမ်းလာများ၊ ရပ်ကွက်အတွင်းရှိနေအိမ်များ၊ ဈေးများတွင် လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အနေဖြင့် မြို့နယ်အတွင်း နေထိုင်သော ပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် Mask Campaign များ၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး စစ်ဆေးအရေးယူမှု များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)