မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၁
ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၅) ကျောင်းသို့ တတိယအကြိမ် ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။
အဆိုပါ ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းရှိစာသင်ခန်း(၁၂)ခန်း အတွင်းသို့ ဝင်ရောက်၍ အ.မ.က(၅) ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ ပန်းချီ၊ ကာတွန်းများ ရေးဆွဲခြင်း၊ ကျောင်း အဝင်/အထွက်ရှိ ကျောင်းဆိုင်းဘုတ် အား အသစ်ရေးသား၍ ပြန်လည်တပ်ဆင်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ (၄၂၆) ဦးအား တစ်ဦးလျှင် ကျောပိုးအိတ် တစ်လုံးနှင့် စတီးချိုင့်(၃ဆင့်)တစ်လုံးစီ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီ က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အ.မ.က(၅)၊ မြောက်ဥက္ကလာပ၌ ဆရာ၊ ဆရာမ(၁၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၄၂၆)ဦးဖြင့် KG တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားလျက်ရှိပြီး Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အဆိုပါကျောင်း၌ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)