ကျောက်ထု ဒီဇင်ဘာ ၁၁
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဒေသတွင် မိုးစပါးလယ်မြေများ၌ သီးထပ်အဖြစ် ကြက်သွန်ဖြူကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြရာ မိုးစပါးရိတ်သိမ်းရာမှရရှိသည့် ကောက်ရိုးများအား ကြက်သွန်ဖြူစိုက်ခင်းများ တွင် သဘာဝမြေသြဇာ အဖြစ် အသုံးပြုကြကြောင်း သိရသည်။
“ကြက်သွန်ဖြူစိုက်ခင်းများတွင် ပျိုးထောင်စကြက်သွန်ပင်များအတွက် အရိပ်ရစေပြီး ကောက်ရိုး ဆွေးမြေ့ သည့်အခါ သဘာဝမြေသြဇာဖြစ်လာပါတယ်၊ ယခင်ရှေးကစပြီး စပါးပြီးလယ်များ အစိုဓာတ်ရရှိနေချိန် မှာ ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူကိုစိုက်ပျိုးကြတာပါ” ဟု တောခလွန်ကျေးရွာမှ ကြက်သွန်ဖြူစိုက်ပျိုးသူ ဦးထွန်းအေးက ပြောသည်။
ဒေသတွင် ကြက်သွန်ဖြူစိုက်ခင်းတစ်ဧကလျင် ပိဿာ ၂၀ ခန့်ပျိုးထောင်ရပြီး ပိဿာ ၃၀၀ ခန့် ထွက်ရှိ ကြောင်းသိရသည်။ ကြက်သွန်ဖြူ တစ်ပိဿာလျင် ဒေသပေါက်ဈေး ၁၂၀၀ ကျပ် ဝန်းကျင်ရှိပြီး ပခုက္ကူ၊ မန္တလေးမြို့များသို့ ပို့ဆောင်ရောင်းချမှုများလည်းရှိကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)