သုံးခွ ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ရှစ်မျက်နှာ စေတီရှေ့နှင့် မြို့မဈေးအတွင်း အပြင်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ယနေ့အထိ(၃၃၉)ရှိပြီး သေဆုံးသူ(၉)ဦး အထိရှိလာသည့်အတွက် မြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ်မှကင်း ဝေးစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ပြည်သူများနှင့် စျေးရောင်း/စျေးဝယ်သူများအား အပြင်ထွက်သည့်အခါတိုင်းနှာခေါင်းစည်း Mask နှင့် face Shield တပ်ဆင်ပြီးမှသွားလာကြရန်၊ ရေနှင့်ဆပ်ပြာဖြင့် လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦး နှင့် တစ်ဦး ၆ ပေအကွာ တွင်နေထိုင်ပါရန် နှင့်မလိုအပ်ပဲ အပြင်သို့သွားလာခြင်းများ မပြုလုပ်ကြပါရန်၊ သို့မှသာ ရောဂါဆိုးကြီးမှ ကင်းဝေးနိုင်မှာ ဖြစ်ကြောင်း စသည့်အသိပညာ ပေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အသံချဲ့စက် များဖြင့် ပြည်သူများနှင့် စျေးသူ/စျေးသားများ၊ ဈေးဝယ်သူများအား လိုက်နာရမည့်အချက်များကို လည်း လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်အရှိန် အဟုန်မပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်