ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၁
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်အတွင်းရှိ မီးခိုးခေါင်းတိုင်ရှိသော စက်ရုံများအနက် စက်ရုံ(၁၂)ရုံမှ မီးခိုးမဲထွက်ရှိခြင်းကြောင့် ယမန်နေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်အတွင်းတွင် မီးခိုးခေါင်းတိုင်ရှိသော စက်ရုံများအနက်မှ အချို့ စက်ရုံ(၁၂)ရုံ များအနေဖြင့် သတ်မှတ်အမြင့်ပေ ရှိသော်လည်း ထိုစက်ရုံမှ ထွက်ရှိသည့် မီးခိုးမဲများ စက်မှုဇုန်အတွင်း ဆိုးရွားစွာ ပျံ့နှံ့နေသဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိရေး ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဠ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်သာလှိုင် နှင့်အဖွဲ့များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်ရေးမှူး ဒေါ်မီမီအောင်၊ မြို့နယ် စည်ပင်သာယာရေးမှူးရုံး လက်ထောက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်၊ အလုပ်သမားဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်မိုး ၊စက်မှုဇုန်ရုံး အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် အချက်များအား စက်ရုံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေကြည်(ပြန်/ဆက်)