စစ်ကိုင်းမြို့၌ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် ရွေ့လျားယာဉ်ငယ်ဖြင့် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့)ပေးဝေ

စစ်ကိုင်း ဇန်နဝါရီ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး စစ်ကိုင်းမြို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ပေးဝေခဲ့ကြသည်။

အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ စစ်ကိုင်းမြို့မှ ရဲအုပ်ဝင်းလှိုင် ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း အသိပညာပေး ဗီနိုင်းများပါသည့် ရွေ့လျားယာဉ်ငယ်ဖြင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးပုံများနှင့် ဟောပြောခဲ့ကြကာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၌ ပြဌာန်းသည့် မော်တော်ယာဉ် ဥပဒေများ ရေးသားထားသည့် လက်ကမ်း စာစောင်များကို ယာဉ်မောင်းနှင်သူများအား (အခမဲ့) ပေးဝေခဲ့ကြကြောင်း သိရသည်။

မျိုးဝင်း(ခရိုင်ပြန်/ဆက်)