တိုက်ကြီး ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ပြည်သူများ သွားလာ ရေးအဆင်ပြေချောမွေ့စေရန်နှင့် လူမှုစီးပွား ဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများ ပါဝင်သောအဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် အတွင်းရှိ အောင်မင်္ဂလာ (၇)လမ်းတွင် လမ်းအရှည် (၈၄၀)ပေ (၁၂ပေ x ၉ လက်မ)ကျယ်ဝန်း သော မြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်း၊ အောင်မင်္ဂလာ (၉)လမ်းတွင် လမ်းအရှည် (၄၆၀) ပေ (၁၂ပေ x ၉ လက်မ)၊ အောင်မင်္ဂလာ (၁၀) လမ်းတွင် လမ်းအရှည် (၄၉၅) ပေ (၁၂ပေ x ၉ လက်မ) နှင့် အင်္ဂလားရပ်ကွက် အင်္ဂလားကြီးတောင် ကျောင်းလမ်းအရှည် (၇၆၉) ပေ (၁၂ပေ x ၉ လက်မ) မြေသားလမ်းများအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် တိုက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အဖျောက်မြို့ အမှတ်(၄) ရပ်ကွက် ဘုရားကြီးတောင်စုတံတား (၂၄) ပေ (၁၆ ပေ x ၁၅ လက်မ) တည်ဆောက်ပြီးစီးမှု အခြေအနေ နှင့် ဘောလုံးကွင်းကွက်သစ်လမ်းမကြီး (၁၃၇၀) ပေ (၁၂ပေ x ၉ လက်မ) ၊ မြို့ သစ်လမ်းသွယ် (၆) လမ်း (၁၇၆၀) ပေ (၁၂ပေ x ၉ လက်မ)နှင့် ရွှေနှင်းဆီလမ်း (၁၉၇၀) ပေ (၁၂ပေ x ၉ လက်မ) မြေသားလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင် ရွက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)