တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့ဝင်များ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးပစ္စည်းများ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေး လေ့ကျင့်ဆောင်ရွက်

တိုက်ကြီး ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ် တပ်ဖွဲ့ဝင်များအား အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်စေရေးအတွက် အပတ်စဉ် လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်များ နှင့် အခြားအရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလျင်အမြန်ဆုံး ကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား မီးသတ်တပ်ဖွဲ့ဝင်များက ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်စေရေးကို လေ့ကျင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသည် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနှင့်လူချင်း၊ ပစ္စည်းနှင့်ပစ္စည်းချင်း၊ လူနှင့်ပစ္စည်းချင်း စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးနိုင်ဦးထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)