ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာသဖြင့် ကြိုတင်၍ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅၈)ရပ်ကွက်အပိုင် (၈၀)ရပ်ကွက် ကွမ်အပ်သားမင်းသားလမ်းနှင့် ပုဏ္ဏမီ လမ်းထောင့်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးရုံးမှ စာရေး ဦးဇွဲကိုကိုထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်စိန်သာထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးစိန်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ နှင့် အမှတ်(၅၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သူပါ(၅)ဦးစသည့် စုပေါင်းအဖွဲ့ဖြင့် လမ်းမပေါ် သွားလာနေကြသူများနှင့် လမ်းဆုံ ကားဂိတ် ဖြတ်သန်းသွားလာနေကြသူများတွင် နှာခေါင်းစည်းတပ် ဆင်ထားခြင်း မရှိပါက တစ်ခါသုံး နှာခေါင်းစည်း Maskများ (အခမဲ့)ဖြန့်ဝေဆောင်ရွက်ခြင်း၊ တပ်ဆင်ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါကလည်း အသစ်လဲလှယ် တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နေအိမ်ပြင်ပ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာ စေရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း Mask (၃၀၀)ခု အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)