ဗဟန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုဝင်(၇၅၀)အတွက် ပြည်သူမှ ပြည်သူသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်  ဒီဇင်ဘာ ၁၂           

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ၊ ဆရာစံတောင်(စံပြ)ရပ်ကွက်၌ နေထိုင်ကြသော အိမ်ထောင်စုဝင် (၇၅၀) အတွက် ရပ်ကွက်နေပြည်သူများမှ ရပ်ကွက် ပြည်သူများထံသို့ အခြေခံစားသောက်ကုန်ပစ္စည်း(၆)မျိုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် အချိန်ကာလတွင် ရပ်ကွက်အတွင်း နေထိုင်ကြသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရပ်ကွက်ရှိ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာရှင် မတည်အလှူရှင်များ စုပေါင်းကာ ယနေ့နံနက် ၈ နာရီက လိုက်လံပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းရာသို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ စေတနာရှင် မတည်အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက လာရောက်ဝိုင်းဝန်းကူညီလုပ်အားပေးခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် ဘုန်;တော်ကြီးကျောင်း(၁၁)ကျောင်းအတွက် တစ်ကျောင်းလျင် ပုသိမ်ပေါ်ဆန်မွေးရှယ်(၁)အိတ်၊ ဆီ (၅)ပိသာကိုလည်းကောင်း၊ အိမ်ထောင်စုဝင်ပေါင်း (၇၅၀) အတွက် အိမ်ထောင်စုတစ်စုလျှင် ပုသိမ်ပေါ်ဆန်မွှေး(ရှယ်) ၅ ပြည် ဆီ တစ်ပိဿာ၊ ကြက်ဥ(၁၀)လုံး ငါးသေတ္တာ နှစ်ဘူး၊ ခေါက်ဆွဲခြောက် ၅ထုပ်နှင့်ဆေးများ လှူဒါန်းပေးအပ်ခဲ့ပြီး လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၅၅ သိန်း ၅ သောင်းခန့်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလှူဒါန်းမှုသည် ရပ်ကွက်အတွင်းရှိ လမ်းများအတွင်း နေထိုင်ကြသော ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသည့် ကာလအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ လှူဒါန်းပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)