စလင်း ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကုန်းသောင် ကျေးရွာ၌ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ယခုအခါ ၇၅ ရာနှုန်းခန့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျောင်းဆောင်သစ်ကို ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် မြဗဟိုကုမ္ပဏီ မှ ဆောက်လုပ်ရေးတာဝန်ခံဦးထက်ဇော်၊ အင်ဂျင်နီယာဦးစောသိုက်ထွန်းတို့က တာဝန်ယူ ဆောက်လုပ်ခဲ့ရာ အဆောက်အဦးအမျိုးအစားမှာ(၉၀×၃၀)ပေ(RC-C) သွပ်မိုး၊ အုတ်ညှပ်၊ တစ်ထပ်ဆောင်ဖြစ်ပြီး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၇၃.၇၂၅) သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ကုန်းသောင် ကျေးရွာအ.လ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမြိုင်ထံမှ သိရှိသည်။
မောင်လွင်(ပြန်/ဆက်)