အလုံ ဒီဇင်ဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ကို ယမန်နေ့နံနက်ပိုင်းက ဆင်မင်းစျေးနှင့်အလုံစျေးတို့တွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာန၊ ၊မြို့နယ်ပြည်သူ့ ကျန်းမားရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဈေးအတွင်းရှိစျေး ရောင်းချသူမျာ၊ စျေးဝယ်သူအား mask များ၊ ပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်၊ရှောင်ရန် အချက်များကို Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်အတွင်းရှိ စျေးများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို (အလုံ)