ရွှေတောင် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် လူစည်းကားရာ ပြည်-ရန်ကုန်လမ်း တည်ကုန်းတောင်ပိုင်းဂိတ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင် များနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပုံမှန်ပြုလုပ်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ စည်းကမ်းချက်များကို ရှင်းလင်း ဟောပြောခြင်း၊ Mask များအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
ကိုကိုမင်း(ပြန်/ဆက်)