ဝက်လက် ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် ဂန္ဓမာပန်း စိုက်ပျိုးထားသော တောင်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် အရောင်းအဝယ်ပါးကာ အမြတ်အစွန်း လျော့နည်းကျဆင်းလျက်ရှိကြောင်း သိရသည်။
ယခုအချိန်သည် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် ဂန္ဓမာပန်းရောင်းချရာတွင် အရောင်း အဝယ်ပါး၍ယခင်လို အမြတ်အစွန်း မရရှိကြောင်း ကျီးကန်ကျေးရွာနေ ဂန္ဓမာပန်းစိုက်တောင်သူ ဦးပေါက် ၏ ပြောကြားချက်အရ သိရသည်။
ဂန္ဓမာပန်း စိုက်ပျိုးရာတွင် အုန်ပုန်းကြီးကျေးရွာမှ ပျိုးပင်တစ်ပင်ကို တစ်ဆယ် ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး ပျိုးပင် (၇၀၀) ဝယ်ယူ၍ တစ်ဧကလျှင် စိုက်ပျိုးစရိတ် စုစုပေါင်း ငွေကျပ် ၂ သိန်းခန့် ကုန်ကြရာ ကိုဗစ်-၁၉ ကာလအတွင်း အရောင်းအဝယ်ပါး၍ အမြတ်နည်းကြောင်း၊ယခင်က တစ်ဧက စိုက်လျှင် (၁၀) သိန်းကျပ်ခန့်ရရှိပြီး အကျိုးအမြတ်များများ ရသော်လည်း ယခုအချိန်တွင် (၄) သိန်းကျပ်သာ ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရာတွင် ပထမ မြေကိုညက်အောင်ထွန်ယက်ပြီး ခုံကလေးတွေပြုလုပ်ကာ၊ အပင်ပေါက်ကလေးတွေစိုက်ပြီး အပင်းကလေးတွေ တွဲလာပြီဆိုရင် မြေဆီကျဲ၊ ရေလောင်း ဆေးဖျန်းပေးကာ (၄) လကြာလျှင် ချိုးယူကာ ရောင်းချရာ လက်စုတ် တစ်စီးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချရကြောင်းနှင့် တစ်ရက်လျှင် ပျမ်းမျှဝင်ငွေ (၂၅,၀၀၀) ကျပ် ရရှိကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)