ကျောက်ထု ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ မင်းကြည့်ကျေးရွာတွင် ရွာဝင်လမ်း ရေကာတာနံရံကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောက်လုပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါရေကာတာမှာ ချီချောင်းကမ်းစပ်တွင် ဆောက်လုပ်လျက်ရှိပြီး ရေကာတာနှင့်ဆက်စပ်လျက်ရှိသည့် လယ်ယာမြေများသို့ ရေသွယ်သည့်မြောင်း၊ ကျေးရွာလမ်းတို့ တစ်ဆက်၊ တစ်စပ်တည်းရှိနေရာ မြောင်းနှင့် လမ်းတို့ ရေရှည်ခိုင်ခန့်ရေးအတွက် အကျိုးပြု သွား မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်သည့်ရေကာတာမှာ ရေထိန်းနံရံအမြင့် (၁၁)ပေ၊ ထု(၂)ပေနှင့် အလျား (၃၅၀) ပေ ဆောင်ရွက်ခြင်းနှင့် လမ်းဘေး ရေမြောင်း အကျယ် (၂)ပေ၊ အနက်(၂) ပေ၊ အလျား(၃၅၀)ပေ တို့ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)