စစ်ကိုင်း ဒီဇင်ဘာ ၁၂
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှတာဝန်ခံနှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက နယ်မြေအတွင်း ဆင်တပ်ကျေးရွာရှိ (CERP)အစီ အစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခ စိုက်ခင်းရိတ်သိမ်းရာတွင် အလေအလွင့် မရှိစေရန်၊ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးနိုင်ရန် မိုးစပါးအခြောက်ခံခြင်းနှင့် သိုလှောင်ရာ တွင် လိုက်နာရမည့် နည်းလမ်းများနှင့် သီးသန့်ခြွေလှေ့ရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါအဖွဲ့များသည် တောင်သူဦးကျောဇော၊ ဦးချို၊ ဦးဝင်းသန်းတို့၏ ဆောင်းမြေပဲ ဆင်းပဒေသာ(၁၁) စိုက်ခင်းသို့ သွားရောက်၍ မြေပဲပန်းပွင့်ချိန်တွင် (ယူရီးယား+လက်ချား) အသုံးပြု၍ ကုန်ကျစရိတ်နည်းစွာဖြင့် ပဲမျိုးစုံအထွက်တိုးအောင် ဆောင်ရွက်နိုင်ကြောင်းနှင့် ဓာတုပစ္စည်းများ လျှော့ချသုံးစွဲရေးနဲ့ ဓာတုဓာတ်ကြွင်း အန္တရာယ်အကြောင်းကို ဆွေးနွေး ပေးခဲ့ကြောင်း၊ သဘာဝပိုးသတ်ဆေးပြု လုပ်သုံးစွဲရေးနှင့် မိုရောဂါကျရောက်မှုမရှိစေရန် နည်းပညာများ ဆွေးနွေးပေးခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာ နယ်မြေစခန်းများနှင့်ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ မေးမြန်းဆွေးနွေးနိုင်ကြောင်းကိုလည်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဇော်မြင့်နိုင်