ကျိုက်မရော ဒီဇင်ဘာ ၁၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှဆောင်ရွက်ခဲ့သော ကျိုက်မရောမြို့နယ် အတွင်းရှိရေ ပေးဝေရေးလုပ်ငန်းများနှင့် လက်ရှိအသုံးပြုနေသော အခြေအနေများကို မြိူ့နယ်ဆည်မြောင်း ဦးစီးဌာနဦးစီးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ကျေးရွာများသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ (၂၀၁၂-၂၀၁၃)ဘဏ္ဍာရေးနှစ်မှ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေ ဖြင့်ကျိုက်မရော မြို့နယ်ရှိကျေးရွာ(၇၃)ရွာ၌ ရေရရှိရေးလုပ်ငန်း(၁၃၅)ခု ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအသုံးပြု နေသည့် အခြေအနေများကို မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာ ကော်မတီများနှင့် တွေ့ဆုံကာ ရေပေးဝေရေး လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်ချက်များကို ညှိနှိုင်းဖြေ ရှင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ချိုချို (ပြန်/ ဆက်)