ဂန့်ဂေါ ဒီဇင်ဘာ ၁၂
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီ၏ အစီအစဉ် ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ) တွင် အသွားအလာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားရှိရာ ဂန့်ဂေါ မြို့နယ် ဇီးပြားကျေးရွာမှ စေတနာရှင်များက အဆိုပါ ကန့်သတ်နယ်မြေအတွက် ဆန်နှင့်စားဖွယ်များ လှူဒါန်း ထောက်ပံ့လျက်ရှိသည်။
ထိုသို့ လှူဒါန်းထောက်ပံ့ကြရာ၌ ယနေ့တွင် ဇီးပြားကျေးရွာမှ စေတနာရှင်များက ဆန် ၁၂ တင်းနှင့် ၁၂ ပြည်၊ အပါအဝင် ဆီ၊ ဆား၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များကို လာရောက်လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့အတူ လာပို့ကျေးရွာမှ စေတနာရှင်များက ဆန် ၉ အိတ်၊ ငွေကျပ် ၂ သိန်းကျော်၊ ကြက်သွန် ၁ အိတ်၊ ပဲဆန် ၁ အိတ်၊ ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်းကောင်း၊ မကျည်းခင်ကျေးရွာမှ စေတနာရှင် များက ဆန် ၉ တင်း၊ ဆီ ၆ ဘူး တို့နှင့် ဟင်းသီးဟင်းရွက်များ၊ လုံဟောကျေးရွာမှ စေတနာရှင်များ က ဆန် ၁၃ အိတ်၊ ငွေ ၂၂၅၀၀ ကျပ်၊ ဆီ ၇ ဘူးတို့နှင့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့က လှူဒါန်းကြကြောင်း သိရသည်။
အဆိုပါ ကန့်သတ်နယ်မြေတွင် ယနေ့နံနက်ထိ ပြည်ပပြန်၊ ပြည်တွင်းပြန်များနှင့် ဆက်စပ်သူများ ၉၀ ဦး ရှိနေကြောင်းနှင့် စေတနာရှင်များအနေဖြင့် ဦးတင်သောင်း ( မြို့နယ်အဆင့်ကော်မတီဝင်) ဖုန်း ၀၉၄၀၀၃၀၂၄၈၇ သို့ ဆက်သွယ် လှူဒါန်းထောက်ပံ့နိုင်ကြကြောင်း သိရသည်။
တောင်သားမောင်သန်း