လဟယ် ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် တင်းကြပ်စွာပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန အစည်းအဝေခန်းမ၌ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် လက်ရှိနာဂဒေသ အခြေအနေအရ ဒုံဟီးမြို့တွင် အိန္ဒိယပြန်နှစ်ဦးမှာ ကိုဗစ် ရောဂါ positive အဖြေထွက်သည့်အတွက် မိမိမြို့နယ်အနေဖြင့် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွင် ခရီးသွားရာဇဝင် စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို အထူးကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဌာနဆိုင်ရာ အကြီးအကဲကိုယ်တိုင် မြို့ဝင်/ထွက်ဂိတ်မှာ ပါဝင်ကြီးကြပ် ပေးရန်ဆွေးနွေးမှာ ကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးရာတွင် လဟယ်မြို့ဝင်/ထွက်ဂိတ် အမှတ်(၁)နှင့် အမှတ်(၂)ဂိတ်တွင် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းအား အထူးတင်းကြပ် ဆောင်ရွက်သွားရန်နှင့် ညပိုင်းပါ စစ်ဆေးသွားရန်၊နန့်စလိန်တံတားဂိတ်အသစ် ထပ်မံဖွင့်လှစ်ပြီးဖြစ်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ အလှည့်ကျတာဝန်ယူ ကြပ်မှတ်ဆောင်ရွက်ရန်၊ ရောဂါပို့တွေ့မြို့နယ်မှ လဟယ်မြို့သို့ လာရောက်ပါက သက်ဆိုင်ရာဌာနရဲ့ ထောက်ခံချက်မပါလျှင် အသွားအလာ(၁)ပတ် ကန့်သတ် စောင့်ကြည့်ရန်နှင့် ဈေးဆိုင်၊ လဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ အနေဖြင့် ဈေးရောင်းသူတိုင်း masks တပ်ဆင်ပြီးဈေးရောင်းဈေးဝယ် ပြုလုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန ရဲ့စည်းကမ်းချက်နှင့် ကိုက်ညီမှုရှိ မရှိ အထူးကြပ်မတ် ဆောင်ရွက်ရန်ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရှားဆက် (ပြန်/ဆက်)