ခန္တီး ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံ မြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုး ထုတ်လုပ်ခြင်းနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက စိန်နန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက နည်းပညာဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆောင်းသီးနှံ မြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေး တာဝန်ခံ ဦးသိန်းထွန်းတင်က မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း၊ သီးနှံပင်အတွက် လိုအပ်သော အာဟာရ ဓာတ်နှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကျော်စိုးက ဘက်စုံပိုးမွှား ရောဂါကာကွယ် နှိမ်နင်းရေးနည်းလမ်းများ၊ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက ဆောင်းမြေပဲ၊ နေကြာ GAP စနစ်ဖြင့်စိုက်ပျိုးခြင်းနည်းများနှင့် မြို့နယ်ဒုတိယဦးစီးမှူး ဦးမိုးမင်းတို့က ရာသီဉတုနှင့်လိုက်လျောညီထွေမှုရှိသော ဈေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးနည်းစနစ်များ အကြောင်းကို ဒီဇင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)