သဲကုန်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သဲကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် Mask Campaign ကို ယမန်နေ့က လူစည်ကားရာ မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက အများပြည်သူအလွယ်တကူသိရှိရမည့် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အလေးထား လိုက်နာ နေထိုင်စေရေးနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို သဲကုန်းမြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မြို့မစည်ပင်သာယာ စျေးအတွင်းနှင့် စျေးအပြင်ဘက်များတွင် သွားလာလှုပ်ရှားနေသော ပြည်သူများအား နှာခေါင်းစည်းMask များ အခမဲ့လိုက်လံဝေငှခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)