နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ခန်းသုံး ပစ္စည်းများလာရောက်လှူဒါန်း

နတ်မောက်  ဒီဇင်ဘာ   ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ခန်းသုံးပစ္စည်းများကို အလှူရှင် ဒီးဒုတ်ကုန်းကျေးရွာ ဇာတိဖွား မန္တလေးမြို့မှ  ယမန်နေ့နက်ပိုင်းလာရောက် လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းခြင်းတွင် နတ်မောက်မြို့နယ် ဒီးဒုတ်ကုန်းကျေးရွာ ဇာတိဖွား မန္တလေးမြို့မှ ဦးရွှေကြိုင် ၊ ဇနီးဒေါ်သောင်းသောင်း (ရွှေညောင်ပင်ရောင်းဝယ်ရေး) မိသားစုက နတ်မောက် မြို့နယ်ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ခန်းတွင် အသုံးပြုနိုင်ရန်အတွက် ခွဲစိတ်ခန်းသုံးပစ္စည်း Apron (၄)ခု  တန်ဖိုးငွေစုစုပေါင်း (၁၀)သိန်းကျပ်အား နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့  ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူကလက်ခံရယူပြီး အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

လှဝင်း(နတ်မောက်)