ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ဒဂုံ(ဆိပ်ကမ်း)   ဒီဇင်ဘာ   ၁၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း အပြည်ပြည်ဆိုင်ရာစေတနာလုပ်အားရှင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင် များနေ့ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့သည့် အမှုဆောင်၊ အသင်းသား၊ ကြက်ခြေနီ စေတနာ လုပ်အားရှင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကုသရေးစင်တာ(၁)ခု၊ Quarantine Centre (၂)ခု ရှိပြီး ထိုနေရာများသို့ ပရဟိတအကျိုး ဆောင်ရွက်နေသည့် ကြက်ခြေနီစေတနာ့ဝန်ထမ်းများမှ ကိုယ်ကျိုးမဖက် လုပ်အားပေးဆောင်ရွက် နေသည့်အ တွက် စေတနာ့ဝန်ထမ်း ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်း(၃၈)ဦး တက်ရောက်ကြ သည်။

နန်းရွှေကြည်(ပြန်/ဆက်)