ခရမ်း ဒီဇင်ဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး၍ Mask တပ်ဆင်မှု မရှိသူများကို mask များအား ယမန်နေ့ နံနက်က အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရမ်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းထူးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဈေးရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခြင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်လာ ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးဖြင့်လက် ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေ ပေးခြင်း များနှင့် ဈေးမျာအတွင်း Mask တပ်ဆင်မှုမရှိသော ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ်ငွေရိုက်ခြင်း၊ တတိယအကြိမ် စည်ကမ်းမလိုက်နာပါက ဈေးရောင်းချခွင့် ရက်အကန့်အသက်မရှိ ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရမ်းမြို့နယ် စည်ပင်သာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး ထံမှ သိရသည်။
ကိုမင်း(ခရမ်း)