ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်သစ်ဖွင့်လှစ်

မင်းလှ ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ အမှတ်စဉ်(၇)/မင်းလှ (၀၃၅)ဓမ္မစကူးလ်ကျောင်းတော်သစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီချိန်ကကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဓမ္မစကူးလ် နာယကဆရာတော်များ၊ ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အမှတ်စဉ် (၇)/မင်းလှ (၀၃၅)ဓမ္မစကူးလ်ကျောင်းတော်သစ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။

ဓမ္မစကူးလ်ကျောင်းတော်သစ်ဖွင့်ပွဲတွင် မြို့နယ်ဓမ္မစကူးလ် နာယကဆရာတော်ဦးဝိမလက ဩဝါဒစကားများ ပြောကြားသည်။ မြို့နယ်ဓမ္မစကူးလ်ဥက္ကဋ္ဌဆရာတော်ဒေါက်တာရာဇဓမ္မက ကျောင်းတော်များ တိုးပွားကျယ်ပြန့် လာအောင်ဆောင်ရွက်ကြရန်နှင့် မိမိဘာသာကိုတန်ဖိုးထားတတ်လာပြီး ယဉ်ကျေးလိမ္မာသောကလေး ငယ်များ ပေါ် ထွက်လာအောင်သင်ကြားမွေးထုတ်ပေးရန်ပြောကြားသည်။

အဆိုပါ‌ ‌ ညောင်ဝန်းကျောင်းတော်သစ်ကို ဆရာတော် ဦးဆောင်၍ ဓမ္မစကူးလ်ဆရာဆရာမ(၇)ဦးက ကလေးငယ်(၁၂၀)ဦးအားသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မင်းလှမြို့နယ်လုံးတွင် ဘာသာသာသနာအဓွန့်ရှည် တည်တံခိုင်မြဲရေးအတွက်ဓမ္မစကူးလ်ကျောင်းပေါင်း(၃၅) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

 ပေါက်စ မင်းလှ