လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ကို ဆက်သွယ်ထားသော အောင်ဇေယျတံတားနှင့် လှိုင်သာယာ မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ကို ဆက်သွယ် ထားသော ဘုရင့်နောင် တံတားများ လျှပ်စစ်မီလင်းရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ပြီး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် အများပြည်သူများ ညအခါ တံတားများပေါ်တွင် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာ နိုင်ရေး အတွက် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် မြို့နယ်စည်ပင် သာယာ ရေး ကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညက အောင်ဇေယျတံတား နှင့် ဘုရင့်နောင်တံတား ပင်မတံတားအတွင်း မီးလင်းခဲ့ပြီး ကျန်ရှိနေသည့် တံတား အတက် အဆင်း နေရာများကိုလည်း မီးလင်းရေးဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂) တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ ထံမှသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)