မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ

ဆော ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ()ဦးတို့သည် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ()ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြတ်လေးပန်နှင့် တာဝန်ရှိသူများက ဆေးရုံဆင်း ပြီးနောက် မိမိနေအိမ်တွင် Home Quarantine ()ရက် ဆက်လက် နေထိုင်ရန်နှင့် နေအိမ်တွင်နေထိုင်စဉ် လိုက်နာရမည့် စည်းကမ်းချက်များကို မှာကြားပြီး အားပေးစကား ပြောကြားသည်။

လက်ရှိအချိန်အထိ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ()ဦးရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် ဆေးရုံဆင်းခွင့် ရရှိသူ()ဦးနှင့် ယနေ့ နံနက်ပိုင်းတွင် ()ဦးဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာမရှိတော့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဇော်မျိုးသန့်(ဆော)