လှိုင်းဘွဲ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၈၃.၉၁၃)ဖြင့် ဆောင်လုပ်မည့် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ သံကူ(၂)ထပ် ဈေးသစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ဗအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး သူရဦးမြင့်သူ၊ ကရင်ပြည်နယ် ဒုတိယ အင်ဂျင်နီယာမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူတို့က သံကူ(၂)ထပ် ဈေးသစ်ဆောက်လုပ်ရန်အတွက် မင်္ဂလာပန္နက်တင်ခြင်း၊ အောင်သပြေဖြင့် အမွေးနံ့သာပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဈေးသစ်ဆောက်လုပ်ရန် တည်နေရာနှင့် ယာယီဆောင်ရွက်ထားရှိအား လှည့်လှည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
အဆိုပါ ထီလုံကျေးရွာ သံကူ(၂)ထပ်ဈေးသစ် (အလျား(၁၂၃)ပေ၊အနံ(၉၈.၆)ပေ၊အမြင့်(၂၃)ပေ)ကို (YUM Family) ကုမ္မဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဈေးကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် လုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)