ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး အကြိမ်(၆၀)မြောက် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၁၃

ကျေးလက်နေ ပြည်သူများ လူနေမှုဘဝတိုးတက် မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများ လျှော့ချ နိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ် ကရင်ချောင်ကျေးရွာတွင် မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေးအသင်းမှ ဦးဆောင်၍ ယနေ့နံနက် နာရီမှ စတင်ကာ ကျေးရွာအတွင်းလိုက်လံပြီး စုပေါင်းအမှိုက်သိမ်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေး အသင်းသူ၊ အသင်းသားများနှင့် ပြည်သူများက ကျေးရွာအတွင်း လမ်းများတလျှောက် စုပေါင်း အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး  မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေး အသင်းသားအသင်းသူများနှင့် ပြည်သူများအား ကျေးရွာမှ စေတနာရှင် ဦးချစ်သဲမောင်+ ဒေါ်မာမာချို မိသားစု၊ ဦးလှဌေး+(ဒေါ်ဝင်း) မိသားစုတို့က နန်းကြီးသုပ်နှင့် အအေး အာဟာရဒါနများ ကျွေးမွေး ခဲ့ကြောင်း သိရသည်။

ကျေးရွာသန့်ရှင်း သာယာလှပရေး၊ ကျေးလက်နေပြည်သူများ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေဆီလွှာတွေ ထိခိုက်ပျက်စီးမှု လျော့ပါးစေရေးနှင့် အများအကျိုးကို ရှေးရှုတတ်သော ပရဟိတစိတ်များ ဖြစ်တည်လာစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်များ ရရှိလာအောင် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ ကျွန်တော်တိုအရင်ကတော့ လမ်းတွေတလျောက် အမှိုက်ကောက် ကြပါတယ်၊ အခုကတော့ ကောက်စရာမလိုတော့ဘဲ သိမ်းရုံပဲ လိုက်သိမ်း ကြရတာပါ၊ ရွာသူရွာသားတွေက အခုဆို အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားပြီး စနစ်တကျ စွန့်ပစ်တတ် လာကြပြီ၊ မိမိတို့အိမ်မှာပဲ စနစ်တကျ အိတ်တွေ၊ပုံးတွေနဲ့သိမ်းဆည်းထားပါတယ်၊အဲတာကို အဖွဲ့က လိုက်သိမ်း ကြတာပေါ့၊ ဒီတပတ်ကတော့(၆၀)ကြိမ်မြောက် ဆောင်ရွက် ခြင်ဖြစ်ပါတယ်ဟု မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေး အသင်းသား တစ်ဦးက ပြောကြားသည်။

ခင်ဆွေဝင်း (ကျောက်တန်း)