မွန်ပြည်နယ်စာကြည့်တိုက်များ ဥပဒေ (မူကြမ်း) အား အတည်ပြုရေးဆွဲနိုင်ရေး စာကြည့်တိုက် တာဝန်ခံများနှင့် ပြည်နယ်လွှတ်တော် ဒု−ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး တွေ့ဆုံဆွေးနွေး

ချောင်းဆုံ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် စာကြည့်တိုက်များ ဥပဒေကို ပြည်နယ်လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး အတွက် မွန်ပြည်နယ် စာကြည့်တိုက်များ ဥပဒေ (မူကြမ်း)အား လွှတ်တော် ဒု−ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ချပြဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပခဲ့ရာ စာကြည့်တိုက် တာဝန်ခံများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ လွှတ်တော်ဒု−ဥက္ကဋ္ဌ က စာကြည့်တိုက်များ ဥပဒေ(မူကြမ်း)အား ရှင်းလင်းပြော ကြား ပြီးနောက် တက်ရောက်လာသူများအနေဖြင့် ပြင်ဆင် ဖြည့်စွက်လိုသည့် အချက်များအား တင်ပြ နိုင်ကြောင်းနှင့် ဥပဒေတွင် ပါဝင်သင့်သည့် အချက်များကို ဆွေးနွေးကာ အတည်ပြု ဖြည့်စွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများမှ တင်ပြချက်များအား အပြန်အလှန်ဆွေးနွေးခြင်းများ နှင့် သိရှိလိုသည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။အဆိုပါ ဥပဒေကို အတည်ပြုနိုင်ရေး အတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ကျန်ရှိသည့် မြို့နယ် များ တွင်လည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကေအေ(ချောင်းဆုံ)