ကျိုက်မ​ရော မြို့နယ်တွင် ​အောင်သ​ပြေပန်းများ စီးပွားဖြစ် စိုက်ပျိုးလာကြသဖြင့် မိသားစုဝင်​ငွေတိုး

ကျိုက်မရော ဒီဇင်ဘာ ၁၃

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် နတ်စမ်း​​ကျေးရွာ၌မြေလွတ်များပေါ်တွင် အာဆီယံအောင်သပြေ ပန်းများစီးပွားဖြစ် စိုက်ပျိုးသူများအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ထိုသို့ အာဆီယံသပြေပန်းများကို စီးပွားဖြစ်စိုက်ပျိုးရာတွင်အချို့က အပင်ငယ်လေးများကို အလှပျိုးပင်အဖြစ် စိုက်ပျိုးထားရှိကာ အပင်ပေါက်သီးသန့်ရောင်းချ၍လည်းရသဖြင့် ပို၍အဆင်ပြေကြောင်း အောင်သပြေပန်း တစ်စည်းကို  ၁၀၀ ကျပ်သာ ​​စျေးရရှိချိန်တွင် အပင်ပေါက် များကိုအိုးများဖြင့်ပျိုး၍  အိမ်ခြံဝင်းအတွင်း အလှထားလိုသူများက ဝယ်လိုအား ပိုမိုကောင်း၍စျေးလည်း ပိုရကြောင်း အလှစိုက် အာဆီယံသပြေအိုးတစ်ခုလျှင် အနည်းဆုံး တစ်ထောင်ငါးရာကျပ်မှ နှစ်ထောင်ကျပ်အထိ ရရှိကြောင်း ကျိုက်မရောမြို့ နတ်စမ်း ပြေများကို မြို့ပေါ်မှာ သာမက မုဒုံမြို့နှင့်မော်လမြိုင်မြို့ကြီး အထိပါ ပို့ဆောင်ရောင်းချ​​နေရကြောင်းကို  အာဆီယံအောင်သပြေပန်းစီးပွားဖြစ် စိုက်ပျိုးသူခြံရှင် ဦးမောင်မြင့်ကပြောသည်။

အဆိုပါ အာဆီယံသ ပြေပင်ကို တစ်ပါတ်လျှင် ()ကြိမ်ခူးရကြောင်းနှင့် အပင်များ ရှင်သန် ကြီးထွားဖို့ဆိုလျှင်မြေနေရာကျယ်ဝန်းသည့်မြေဆီလွှာ ကောင်းမွန်သော သဲမြေ၊ နှုန်းမြေများပေါ်တွင် စိုက်ပျိုးပါက ပိုမိုရှင်သန် ဖြစ်ထွန်းပါကြောင်း ပြေကရေ အလွန်ကြိုက်တာမို့နေ့စဉ် ရေလောင်း ပေးမှသာ လန်းလန်းဆန်းဆန်းနှင့် လှပသော ပြေပန်းများကို မြင်သူတကာ ဝယ်ယူအားပေးကြသဖြင့် ဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

ချိုချို(ပြန်/ဆက်)