လယ်ယာလုပ်ငန်းခွင်၌ တောင်သူများအနေဖြင့် စက်ယန္တရားများ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လျက်ရှိ

ထီးလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ထီးလင်းမြို့ အမှတ်()ရပ်ကွက် (ရပ်မကွင်း)တွင် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိပြီး လယ်ယာ လုပ်ငန်း ခွင်များ၌ တောင်သူများအနေဖြင့် စက်ယန္တရားများ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လျက်ရှိကာ မိမိတို့၏ လယ်ယာ လုပ်ငန်း ခွင်များ၌ အဆင်ပြေလွယ်ကူ လျက်ရှိကြောင်း သိရသည်။

ယင်းသို့အဆင်ပြေ လွယ်ကူလျက်ရှိရာ ကျွန်တော်တို့ ငယ်စဉ်တုန်းက အခုလို စပါးများ ရိတ်သိမ်း ခြွေလှေ့ပြီဆိုရင် လူအားနဲ့ပဲ တနေကုန် နင်းခြွေ ခဲ့ရပါတယ်။ အခုတော့ ဒီလိုစပါးခြွေလှေ့စက်တွေ ဝယ်ယူအသုံးပြုလာနိုင်တော့ အချိန်ကုန် လူပန်းလဲ သက်သာတာပေါ့နော်။ အခုအသုံးပြုနေတဲ့ စပါးခြွေလှေ့စက်က ငွေကျပ် ၂၈ သိန်းကနေ ၂၉ သိန်း ဝန်းကျင် ရှိပါတယ်ဟူ၍ ထီးလင်းမြို့ အမှတ်() ရပ်ကွက်နေ တောင်သူတစ်ဦးက ပြောကြားသည်။

ထီးလင်းမြို့ အမှတ်()ရပ်ကွက် (ရပ်မကွင်း)တွင် မိုးစပါးစိုက်ဧက(၂၉၆)ဧကရှိပြီး တောင်သူများက မိုးစပါး ဆင်းသုခနှင့် ဧရာမင်းစပါးနှစ်မျိုးကို စိုက်ပျိုးလျက်ရှိကြရာ တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း (၇၉ ဒဿမ ၃၈)တင်း ထွက်ရှိလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရ သည်။

အောင်စည်(ပြန်/ဆက်)