ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိရိုးမရိပ်သာ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ Positive လူနာများအား စိတ်ပျော်ရွှင်စေရေး တေးသီချင်းများဖြင့် ကပြဖျော်ဖြေ

ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာ ကုသရေး စင်တာတွင် ထားရှိသည့် ကိုဗစ်-၁၉ Positive လူနာများအား စိတ်ပျော်ရွှင်စေရေး ယမန်နေ့ နာရီအချိန်မှစတင်၍ ၁၀ နာရီအချိန်ထိ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကိုဗစ်-၁၉ Positive လူနာများစိတ်ဓာတ်ကြံ့ခိုင်စေရေးနှင့် စိတ်ပျော်ရွှင်စေရေး ဂီတာများ တီးခတ်ပြသခြင်း၊ အကများကခုန်၍ ဖျော်ဖြေ တင်ဆက်ပေးခြင်းများဖြင့် နှစ်သိမ့်အား ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတင်ဆက်ပေးမှုသို့ Dream of fire music band မှ ကိုရဲရင့်သူ  ဦးဆောင်သော အဆိုတော် (၂၂)ဦးနှင့် စက်အဖွဲ့()ဦးတို့က ရိုးမရိပ်သာ ကုသရေးဌာနတွင် တက်ရောက်နေကြသည့် ကိုဗစ်-၁၉ Positive လူနာများအား  လမ်းပေါ်မှနေ၍ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေ ခဲ့ကြရာ Positive လူနာများက ဝရန်တာမှနေ၍ ပျော်ရွှင်စွာဖြင့် ကြည့်ရှုအားပေးပြီးတေးသီချင်း များကို လိုက်ပါသီဆိုကြကြောင်း သိရသည်။

ထိုကဲ့သို့ ကိုဗစ်-၁၉ Positiveလူနာများအား စိတ်ပျော်ရွှင်စေရေး တေးသီချင်းများဖြင့် လာရောက် ကပြဖျော်ဖြေပေးခြင်းသည် (တတိယ) အကြိမ် မြောက် လာရောက်ဖျော်ဖြေခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ကုသရေးဌာနမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)